တာချီလိတ်မှ‌ မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှု များပြားသည်ဟုဆိုကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တိုင်ကြားထားကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မှ‌ မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှု များပြားသည်ဟုဆိုကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တိုင်ကြားထားကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်

စုလှိုင်

.

တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီး၊ ကွင်းအမှတ် (၈၅၃၆) ပေါ်ရှိ မြေလွတ် မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ရ မြေယာ ၉၃ ဒသမ ၁၉ ဧကအား ထွေအုပ်နှင့် မြေစာရင်းဌာန ဝန်ထမ်းများက အဂတိလိုက်စား၍ မြေကွက်ရောင်းချထားသည့်ကိစ္စနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှု များပြားသည် ဟုဆိုကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား တိုင်ကြားထားကြောင်း ယနေ့ ဇန်နဝါရီလ ၃၁ ရက်က တောင်ကြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

.



.

“ဒီအမှုက တရားစီရင်ရေး အာဏာနဲ့ သွားလို့ရမှာ မဟုတ်ဘူး။ နိုင်ငံတော် သမ္မတ ရုံးက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ညွှန်ကြားတယ်။ ဒါကို ဝန်ကြီးချုပ်ကို အပ်နှင်းထားတဲ့ အာဏာ ဥပဒေ အရ လုပ်ပိုင်ခွင့် ပေးထားတဲ့ တာဝန်ရှိတယ်။ တာဝန် ကို လျစ်လျုရူပြီး လက်ပိုက်ကြည့်နေတဲ့အတွက် အဲ့ဒီအပြင် မြေသိမ်းမှုတွေကို မတရား ထုတ်ပြန်တဲ့ အတွက် နစ်နာလွန်းလို့ အမှုဖွင့် တိုက်ကြားရခြင်း ဖြစ်တယ်” ဟုယင်းအမှုအားဥပဒေ အကြံပေး အဖြစ် ဆောင်ရွက်နေသူ ဦးသိန်းဝင်း မှ သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်  အနေဖြင့် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အား မလိုက်နာသည့် အတွက် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေဖြင့် ဇန်နဝါရီလ ၂၈ တွင် တောင်ကြီးမြို့မရဲစခန်း၌အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

.

“သူတို့ပြောသလို စည်းကမ်းပျက်တာတို့ မစိုက်မပျိုးတာတို့ ဆိုတာ လုံးဝလည်း မဟုတ်ပါဘူး။ မြေစာရင်း ဌာန တွေ ကိုယ်တိုင်ကလည်း ကောင်းကင် မှတ်တမ်းဓာတ်ပုံ အရလည်း မြေစာရင်း က ထုတ်တဲ့ကောင်းကင် မြေပုံ တွေ ဖြစ်ပါတယ်ဆိုတာကို ပြောချင်ပါတယ်”ဟု ၎င်း ခြံ တွင် မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဦးယောရူမှ ပြောဆိုခဲ့သည်။

.

အဆိုပါ အမှုကို တရားစီရင်ရေးအာဏာ ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အောင်မြင်မည်ဟု ယုံကြည်ထားကာ တိုင်းရင်းသားအများပြည်သူများ အားလုံး အဆိုပါ ဖြစ်စဥ် အား ကြည့်ရူ ၍ အကြံများပေးနိုင်ကြောင်း ဥပဒေနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ပေးကြရန် ဦးသိန်းဝင်း မှ ဆက်လက်ပြောဆိုခဲ့သည် ။

.

“ရှမ်းပြည်နယ် ဝန်ကြီးချူပ်ကိုလည်း နစ်နာစေလိုတဲ့ ဆန္ဒ မရှိပါဘူး။မည်သူမှ နစ်နာစေချင်တဲ့ ဆန္ဒလည်း မရှိပါဘူး။ ဥပဒေပါ အခွင့်အရေး တွေကိုဆုံးရှုံးနေလို့သာလျှင် လုပ်ကိုင် ဆောင်ရွက် ရတာနားလည်ပေးပါ။ နိုင်ငံသားများရဲ့ ဥပဒေပါ ရသင့် ရထိုက်တဲ့ အခွင့်အရေး တွေကို အမြန်ဆုံး ဖော်ဆောင် ပေးပါ။ဒေါ်နန်းတစ်ပ် ရဲ့ ဥပဒေ အရ လုပ်ပိုင်ခွင့် တွေကို ပိတ်ပင်တားဆီးခြင်း မပြုပါနဲ့ ”ဟု ဦးသိန်းမှ ပြောသည်။

.

တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီး၊ ကွင်းအမှတ် (၈၅၃၆) ပေါ်ရှိ ဒေါ်နန်းခမ်းတစ်ပ် ပိုင်ဆိုင်သော မြေလွတ် မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ရ မြေယာ ၉၃ ဒသမ ၁၉ ဧက ပေါ်တွင် ကျူးကျော်နေသူ အားလုံးကို ဖယ်ရှားရှင်းလင်းပေးရန် ဦးသိန်းဝင်း မှ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

.


Journal Download

Photo of three cats