တာလေ၌ အသက် ၂ လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာလေ၌ အသက် ၂ လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းများ ပြုလုပ်

□ ​အောင်ကျော်မိုး (တာလေ)

.

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု ၊ နားအွန်မှ မွေးကင်းစ အသက်  ၂ လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယနေ့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ယင်း လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်း အစီအစဉ်တွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး၊ penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ opv  ပိုလီယိုအစက်ချ ကာကွယ်ဆေး ထိုးခြင်းနှင့် တိုက်ကျွေးခြင်းများအပြင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ထိုးခြင်း ၊ တိုက်ကျွေးပေးရခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်နိုင်သော ရောဂါများအကြောင်းကို ဆွေးနွေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။

.
အဆိုပါ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်း၊ အသိပညာ​ပေးခြင်းကို တာလေမြို့၊ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats