အောင်ပန်းတွင် အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လွယ်မယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း စောင်းတန်းအနီးတွင် ယမန်နေ့ ဇန်နဝါရီ လ ၁၃ ရက်၊ ညနေပိုင်းက အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ လွယ်မယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း စောင်းတန်းအနီး ဇရပ်တွင် အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းထိုက်ထွန်း ဦးစီးသော အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယင်းဇရပ်တွင် အမည်/နေရပ်လိပ်စာ မသိ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ အအေးပတ် သေဆုံးသည့် လက္ခဏာ တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

သေဆုံးသူ အမျိုးသားသည် ယခင်ရက်များကတည်းက ယင်းနေရာအနီးတွင် အရက်ထိုင်သောက်နေသည်ကို အမြဲ မြင်တွေ့ရပြီး ဇန်နဝါရီလ ၁၃ ရက်၊ ညနေပိုင်းတွင် သေဆုံးနေသည်ကို တွေ့ရသဖြင့် မြင်တွေ့သူမှ ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမည်မသိ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၁) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats