.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့နယ်၊ နန်းတိုင်း- ရွာသစ်ကုန်းကျေးရွာသွား လမ်းတွင် လမ်း လျှောက်လာသော ကလောမြို့နယ်၊ သစ်စေးပင်ကျေးရွာနေ ထွန်းရီနှင့် ကျော်အောင်တို့အား ရှာဖွေရာ ထွန်းရီ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားနှင့် ကျော်အောင် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၂၀ သိန်း)အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသည့် ထွန်းရီနှင့် ကျော်အောင်တို့အား ကလောမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
Source – CCDAC Myanmar