ရွှေညောင်-ညောင်‌‌ရွှေသွားလမ်းတွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်-ညောင်‌‌ရွှေသွားလမ်းတွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရ

ကမ္ဘောဇတိုင်း

.

ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ နန်းသီတာစခန်းကြီးကျေးရွာ၊ ရွှေညောင်-ညောင်ရွှေသွားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်၊ ညပိုင်းက ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟို (၁) ရပ်ကွက်နေ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်လာသည့် FORLAND အဖြူရောင် မော်တော်ယာဉ်သည် ဇန်နဝါရီလ ၂၈ ရက်၊ ည ၇ နာရီခန့်က ရွှေညောင်-ညောင်ရွှေလမ်းအတိုင်း မောင်းနှင်လာစဉ် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ နန်းသီတာစခန်းကြီးကျေးရွာ၊ စိန်ချမ်းသာ အုတ်၊ သဲ၊ ကျောက် ‌ရောင်းဝယ် ‌ရေးဆိုင်ရှေ့၊ မိုင်တိုင်အမှတ် 1.5 KM နှင့် 2 KM ကြားအရောက်တွင် တစ်ဘက်ယာဉ်ကြော မရှင်းဘဲ လမ်း၏ဝဲဘက်သို့ ချိုးကွေ့ရာ မျက်နှာချင်းဆိုင်မှ ညောင်ရွှေမြို့နယ်၊ ညောင်ဖြူးကျေးရွာနေ လှဆန်းထူး မောင်းနှင်လာသည့် TOYOTA MAX အနက်ရောင်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း လှဆန်းထူးတွင် မေးစေ့ပေါက်ပြဲ၊ အောက်နှုတ်ခမ်း ပေါက်ပြဲ၊ ယာပေါင် ဖူးယောင်နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရန်နိုင်စိုးအား ညောင်ရွှေမြို့မရဲစခန်းတွင် ယာဉ် (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats