ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ မဲစာရွက်စာတမ်း (အဟောင်း) များကို မီးရှို့ဖျက်ဆီးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ မဲစာရွက်စာတမ်း (အဟောင်း) များကို မီးရှို့ဖျက်ဆီးမည်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်အတွင်းရှိ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများမှ မဲစာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေက စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲကဟာတော့ မပါပါဘူး။ ရှို့မယ့် အစီအစဉ်ကတော့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက်ပဲ လုပ်သွားမှာပါ။ ကျွန်တော်တို့က ဖျက်ဆီးပြီး ပြန်လည်တင်ပြဖို့ပဲ ညွှန်ကြားထားတာပါ” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရကလည်း “မီးရှို့ဖျက်ဆီးဖို့ ရှိပါတယ်။ အစည်းအဝေး မခေါ်ရသေးဘူး။ အစည်းအဝေးခေါ်ဖို့ ပြင်ဆင်နေတုန်းပါ။ ဘယ်နေ့ ရှို့မယ်ဆိုတာ မသိသေး ပါဘူး။ ကျွန်တော်တို့ ဥက္ကဋ္ဌနဲ့ ပြန်တိုင်ပင်ရဦးမယ်” ဟု ပြောဆိုခဲ့သည်။

.

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအား ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ မြို့နယ်အနက်  မြို့နယ် ၃၈ မြို့နယ်တွင်သာ ပြလုပ်နိုင်ခဲ့ပြီး ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တို့တွင်မူ ၂၀၁၇ ခုနှစ်မှသာ ကြားဖြတ်‌ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ကာ  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းရှိ မြို့နယ် ၅ ခုနှင့် ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်တို့တွင်မူ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲကာလအထိ ရွေးကောက်ပွဲ တစ်ကြိမ်မျှ ကျင်းပနိုင်ခဲ့ခြင်း မရှိချေ။.


Journal Download

Photo of three cats