“ဝ” အထူးဒေသ၊ မိုင်းဖျန်းစီးကရက်စက်ရုံမှ ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာအလုပ်သမား ၁၃၂ ဦး “ဝ” နှင့် မိုင်းလား နယ်မြေအကြားတွင် ပိတ်မိပြီး အခက်အခဲဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” အထူးဒေသ၊ မိုင်းဖျန်းစီးကရက်စက်ရုံမှ ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာအလုပ်သမား ၁၃၂ ဦး “ဝ” နှင့် မိုင်းလား နယ်မြေအကြားတွင် ပိတ်မိပြီး အခက်အခဲဖြစ်ပေါ်နေ

မင်းဇော်မင်း

.

“ဝ” အထူးဒေသ (၂)၊ မိုင်းဖျဲန်မြို့ရှိ ကျင်းဟွာစီးကရက်စက်ရုံတွင် သွားရောက်အလုပ်လုပ်ကိုင်ရာနေရာမှ စီးကရက် စက်ရုံက ပြန်လည်ပို့ဆောင်ခြင်းခံရသည့် မြန်မာအလုပ်သမား ၁၃၂ ဦးတို့သည် “ဝ”နှင့် မိုင်းလားနယ်မြေအကြားတွင် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်ကာ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.



.

အဆိုပါ အလုပ်သမားများအား ဇန်နဝါရီလ ၁၄ ရက်၊ ညနေပိုင်းက ကုမ္ပဏီပိုင်ကားများဖြင့် မိုင်းယန်း-မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီးတွင် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများသည် တောလမ်းအတိုင်း NDAA မိုင်းလားနယ်မြေအတွင်း ဝင်ရောက်လာခဲ့ရာတွင်လည်း မိုင်းလားအဖွဲ့က လက်မခံဘဲ ထန်မွန်ကျေးရွာ အပြင်ဘက်သို့ ပြန်လည်မောင်းထုတ်စေလွှတ်ခံရသဖြင့် ဒုက္ခရောက်နေရခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျွန်တော်တို့ကို တရားဝင် ဆက်သွယ်လာတာမရှိပေမဲ့ ဒီလို ဒုက္ခရောက်နေကြတာကို မကြည့်ရက်ဘူး။ ကူညီဖို့ အသင့်ပါ။ အခုက လက်နက်ကိုင်အဖွဲ့အစည်း နယ်မြေအတွင်းမှာပဲ ရှိနေတော့ ကူညီချင်ပေမဲ့ ဘာမှကူညီလို့မရ သေးဘူး။ ဒီနေ့တော့ သူတို့နယ်မြေ ၂ ခုက လူကြီးချင်း ညှိနှိုင်းနေတယ်လို့ သိရတယ်။ အလုပ်သမားတွေ အမိုးအကာ အောက် အမြန်ရောက်ဖို့ လိုပါတယ်” ဟု မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က ပြောသည်။

.

ယခင် COVID-19 ပထမလှိုင်းကာလက မိုင်းလားဒေသမှ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမား ၃၀၀၀ ကျော်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာနယ်မြေအတွင်း Quarantine ထားရှိ၍ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့မှုများ ရှိပြီး ယခုအခါ ယင်းကဲ့သို့ လုပ်ဆောင်ပေးရန် ရှိနေသော်လည်း တရားဝင် ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသဖြင့် လုပ်ဆောင်ပေးရန် မရနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

ယင်း အလုပ်သမားများသည် “ဝ” အထူးဒေသ၊ မိုင်းဖျဲန်မြို့ရှိ စီးကရက်စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ အလုပ်သမားများဖြစ်ပြီး စက်ရုံပိတ်သိမ်းလိုက်သဖြင့် နေရပ်ဒေသအသီးသီးသို့ ပြန်မည့် သူများဖြစ်ကာ လက်ရှိတွင် UWSA နှင့် NDAA ထိန်းချုပ်နယ်မြေအကြားရှိ မိုင်းယန်းနှင့် မိုင်းခတ်ကြား ပြောင်းဖူးခြံတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - အင်နက်

Journal Download

Photo of three cats