၇၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့တော်ခန်းမတွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၇၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့တော်ခန်းမတွင် ပြုလုပ်မည်

စုလှိုင်

.

လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။

.

.

“တောင်ကြီးမြို့တော်ခန်းမမှာ လုပ်မှာပါ။ အားလုံး COVID-19 စည်းကမ်းနဲ့အညီပါပဲ။ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရမယ့် ပုဂ္ဂိုလ်က ၃၉ ဦး ရှိနေတော့ အပြင်မှာ မဏ္ဍပ်ထိုးပြီး သူတို့အတွက် သီးခြားနေရာ ပေးရမှာပေါ့။ ခန်းမထဲကိုတော့ ၃၀ ဦးပေါ့။ ဆုချီးမြှင့်တဲ့အခါ တစ်ဦးချင်း ယူရမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်၊ နံနက် ၉ နာရီတွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး လာမည့် ဇန်နဝါရီလ ၂၆ ရက်တွင် ကျင်းပမည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေး၌ အတည်ပြုမည်ဖြစ်ကြောင်း နှင့် ပြည်ထောင်စုနေ့ အခမ်းအနားကိုမူ အဝေရာကုန်းသာယာမီးပုံးပျံကွင်းအတွင်း ကျင်းပနိုင်ရန် လျာထားကြောင်း ၎င်းထံက သိရသည်။

.

အဆိုပါ ၇၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ၂၀၁၉ ခုနှစ်အတွက် ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်ဆု ရရှိသူ ၃၉ ဦးကို ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ပေးအပ်မည့် ဆုများမှာ ပင်လုံဂုဏ်ရည်ဆု ၁ ဆု၊ စီမံထူးချွန် ပထမအဆင့် ၁ ဆု၊ တတိယအဆင့် ၅ ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပထမအဆင့် ၃ ဆု၊ တတိယအဆင့် ၅ ဆု၊ စီးပွားထူးချွန် တတိယဆင့် ၃ ဆု၊ စိုက်ပျိုးထူးချွန် တတိယအဆင့် ၁ ဆုနှင့် လူမှုထူးချွန် ပထမအဆင့် ၅ ဆု၊ ဒုတိယအဆင့် ၂ ဆု၊ တတိယအဆင့် ၇ ဆု တို့ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် ၇၃ ကြိမ်မြောက် ရှမ်းပြည်နယ် နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ပင်လုံမြို့တွင် ကျင်းပသည့် ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

.

Journal Download

Photo of three cats