​ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

​ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ

□ မိုင်းထွန်း

.

ကျောက်မဲမြို့နယ်၊ တော့ဆန်‌ကျေးရွာအုပ်စု၊ ညောင်မောင်းရွာနေ  အမျိုးသား တစ်ဦးသည်  ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းက မိုင်းနင်းမိခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူ‌နေကြောင်း သိရသည်။

.

ညောင်မောင်းကျေးရွာနေ စိုင်းသိန်းအောင်သည် ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ လျှိုအတွင်း၌ မြင်း သွားရောက်ရှာဖွေစဉ် ထောင်ထားသော မိုင်းအားနင်းမိခဲ့ခြင်းကြောင့် ယာဘက်တင်ပါး၊ ယာဘက်ပေါင် နှင့် ယာဘက်ဒူးခေါင်းတို့တွင် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

အဆိုပါ မိုင်းထိလူနာအား ​ကျောက်မဲမြို့ နမ့်ခုံး(ရှမ်းများပရဟိတ)အသင်းမှ လူနာတင်ယာဉ်ဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့​ဆောင်ကာ ​ဆေးကုသမှု ​ပေး​နေ​ကြောင်း သိရသည်။

Journal Download

Photo of three cats