.
မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသားကို ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁ ရက်၊ နံနက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
.
မူးယစ်တပ်ဖွဲ့စု(၂၉)နှင့် မိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့သည် သက်သေများနှင့်အတူ မဲကင်ကျေးရွာနေ ကျော်ဝင်း ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းကိုင်ဆောင်သည့် ပိုက်ဆံအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၆၀၀ ပြားနှင့် ကော်ဗူးငယ် ၆ ဘူးအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၆ ဂရမ်ခန့်ကို ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးများကို တဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချခြင်း ဖြစ်ပြီး ယခု ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ ရောင်းဝယ်ရာ လက်ကျန်များ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမှုမှ မူးယစ်ဆေးဝါးများအား ဝယ်ယူရောင်းချ၍ လက်ဝယ်တွေ့ရှိသူ ကျော်ဝင်းအား မိုင်းတုံမြို့မရဲစခန်းမှ မယ(ပ) ၁/၂၀၂၁၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။