စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နာရီစင်အား ယနေ့
ဇန်နဝါရီလ ၆ ရက်မှ စတင်၍ ပြန်လည်ပြင်ဆင်မွမ်းမံလျက် ရှိကြောင်း အေးသာယာမြို့ အုပ်ချုပ်ရေးမှူးရုံးမှ
သိရသည်။
.
.“နာရီစင်ပြင်တာကတော့ အခု ဆောင်ရွက်နေပါပြီ။ လက်ရှိလုပ်ငန်းက
နာရီစင်ကြီးကို ကွယ်နေတဲ့ သစ်ပင်တွေကို ဖယ်ရှားတာတို့၊ ဆေးသုတ်တာတို့ လုပ်မှာပေါ့”
ဟု အေးသာယာမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်သူရ က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အပြင် အဆိုပါ နာရီစင်အနီးတွင် အေးသာယာမြို့တော်ခန်းမ
တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အေးသာယာမြို့ အားကစားကွင်း တည်ဆောက်ရန်အတွက်လည်း
မြေနေရာ ရှာဖွေလျက်ရှိကြောင်း သိရသည်။
.
“အားကစားကွင်းဆိုတော့ မြေနေရာ အများကြီးလိုတယ်။ ရှာနေတုန်းပဲ။
မြို့တော်ခန်းမ ကတော့ နာရီစင်အနီး တစ်ဝိုက်မှာပဲ ဆောက်မှာပါ” ဟု ဦးအောင်သူရ က ဆက်လက်ပြောဆိုခဲ့သည်။
.
အေးသာယာမြို့သည် တောင်ကြီးမြို့နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး
ရပ်ကွက် ၁၂ ရပ်ကွက် ရှိကာ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ စက်မှုဇုန်၊ နည်းပညာတက္ကသိုလ်
(တောင်ကြီး) တို့သည် အေးသာယာမြို့တွင် တည်ရှိကာ မြို့တော် တောင်ကြီး၏ ဝင်ထွက်ပေါက်
မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
.