အောင်ဆန်းဝင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကေ်မရှင် ရုံးခွဲသို့ အများပြည်သူများမှ လာရောက်တိုင်ကြားထားမှု
၁၃ ခုအထိ ရှိနေကြောင်း သိရသည်။
.
.အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တောင်ကြီးရုံးခွဲကို
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် တိုင်ကြားမှု
၁ မှု၊ ဒီဇင်ဘာလတွင် ၁၀ မှုနှင့် ဇန်နဝါရီလတွင် ၂ မှု လာရောက် တိုင်ကြားထားခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာများနှင့်
ပတ်သက်၍ လာရောက်ဆွေးနွေးသူ ၂၀ ကျော်ခန့် ရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် ဖွင့်ထားသည့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲမှာ မြန်မာနိုင်ငံတွင် ၃ ခုမြောက် ဖွင့်သည့်ရုံးခွဲဖြစ်ပြီး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့်
အစိုးရတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြည်သူများအနေဖြင့်
အဂတိလိုက်စားမှုဆိုင်ရာများနှင့်ပတ်သက်၍ ကော်မရှင်သို့ တိုင်ကြားလိုပါက အီးမေးလ်ဖြင့် ဖြစ်စေ၊
စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေတိုင်ကြားနိုင်ကြောင်းသိရသည်။
.