အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၈ ရက်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သာမိုင်းခမ်းကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခွဲခန့် အကွာရှိ ယာကွက်ထောင့်မှ ပင်စိမ်းပင် အကိုင်းတွင် အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်နေ အောင်ဇော်လင်း (ခ) ဖိုးပြဲ (၄၇ နှစ်) သည် နိုင်လွန်ကြိုးဖြင့် လည်ပင်းတွင် ချည်နှောင်ကာ ကြိုးဆွဲချစဉ် ကြိုးပြတ်ပြီး မြေပြင်တွင် ပြုတ်ကျသေဆုံး နေခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ အောင်ဇော်လင်း (ခ) ဖိုးပြဲသည် အရက်အလွန်အကျွံသောက်သုံးကာ အရက်စွဲပြီး လျှောက်သွားနေသူတစ်ဦး ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ အောင်ဇော်လင်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်း နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၂၁) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats