အောင်ပန်းမြို့အနီးရှိ တိမ်ပင်လယ် အလှကို ခရီးသွားများ တည်းခိုကြည့်ရှုနိုင်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့အနီးရှိ တိမ်ပင်လယ် အလှကို ခရီးသွားများ တည်းခိုကြည့်ရှုနိုင်ရန် စီစဉ်နေ

စုလှိုင်

.

တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပတ္တူပေါက်ကျေးရွာအနီးရှိ တိမ်ပင်လယ်အလှရှုခင်းများကို ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှု၍ အပန်းဖြေအနားယူ တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

.

“အောင်ပန်း ပတ္တူပေါက် ရွာအနီးမှာရှိတဲ့ တိမ်ပင်လယ် ဖြစ်ပေါ်လာတာ လွန်ခဲ့တဲ့ ၂ လ လောက် က စပြီး သိလာခဲ့ တာပေါ့။ ခရီးသွားတာကို စိတ်ဝင်စားတဲ့ လူငယ်တွေက ရှာဖွေတွေ့ရှိပြီးတော့ အွန်လိုင်းပေါ်တင်ရင်းကနေ သွားကြည့် ခဲ့ကြတာပေါ့။ တိမ်ပင်လယ်က လှပါတယ်။ အဓိက ကတော့ ဘီလူးချောင်းပေါ်ကနေတတ်လာတဲ့ ရေငွေ့ဖြစ်ပါတယ်။ အဲဒီ ပတ္တူပေါက်မှာ ခရီးသွားတွေ လည်ပတ်ဖို့နေရာ ဖော်ဆောင်ဖို့ စီစဉ်သွားမှာပါ” ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ်အား ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တိမ်ပင်လယ် ကဲ့သို့ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာလည်ပတ်နိုင်ရန်နှင့် ညအိပ်ခရီးသည်များအတွက် အဆင်ပြေစေရန် ဆောင်ရွက်ရမည့် အစီအစဉ်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဖော်ဆောင်နိုင်ရန်အတွက် ပြင်ပအဖွဲ့အစည်း များကို ဖိတ်ခေါ်ထားကြောင်း ၎င်းထံက သိရသည်။

.

“ဒီတိမ်ပင်လယ်က မနက် ၉ နာရီ ၁၀ နာရီထိ ရှိပါတယ်။ နှင်းတွေ တအားကျတဲ့နေဆို တိမ်တွေ အုံ့ဆိုင်းနေလို့ ဘာမှ မမြင်ရဘူး”ဟု ပတ္တူရွာကဒေသခံတစ်ဦးက ပြောသည်။

.

လက်ရှိတွင် အဆိုပါ အောင်ပန်းမြို့၊ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ်သို့ ဒေသတွင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ဟဲဟိုး၊ အောင်ပန်းနှင့် ကလောမြို့နယ်များမှ နေ့စဉ် လာရောက်လေ့လာကြည့်ရှု လည်ပတ်သူ လူဦးရေ ၁၀၀ မှ ၁၅၀ ခန့်အထိ ရှိနေကြောင်း သိရသည်။

.

“ဒီနှစ်ကတော့ ရာသီဥတု အရသော်လည်းကောင်း၊ COVID-19 အခြေအနေ အရသော်လည်းကောင်း ပီပြင်တဲ့ အနေအထား ရှိချင်မှ ရှိမယ်။ လာမယ့်နှစ်ကိုတော့ တည်းခိုပြီး ခံစားနိုင်အောင် စီစဉ်ဆောင်ရွက်ထားဖို့ ရှိပါတယ်။ ”ဟု ဦးထင်နိုင်အောင် က ဆက်လက်ပြောဆိုခဲ့သည်။

.

 

အဆိုပါတိမ်ပင်လယ်သည် ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု၊ ပတ္တူပေါက်ကျေးရွာတွင် တည်ရှိပြီး အောင်ပန်းမြို့ နှင့် ၉ မိုင်ခန့် ကွာဝေးကာ အောင်ပန်း-အင်းတိန်သွား ကားလမ်းအတိုင်း ကားဖြင့် ဝင်ရောက်ပြီး တောင်ပေါ်သို့ ၁၀ မိနစ်ခန့် လမ်းလျှောက်တက်ရောက်ကာ တိမ်ပင်လယ်၏ အလှကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats