ကလောမြို့နယ်တွင် လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ် ထိုးကျတိမ်းမှောက်၍ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်တွင် လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ် ထိုးကျတိမ်းမှောက်၍ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရ

ကမ္ဘောဇတိုင်း

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ထီသိမ်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၀ ရက်၊ ညနေပိုင်းက အရှိန်မထိန်း နိုင်သော ဆိုင်ကယ်မှ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ပြီး ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု၊ ဆောင်ဝန်းကျေးရွာနေ ကျော်ထင် ဆိုသူသည် ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၅ နာရီခွဲခန့်က LOUJIA-110 အနက်ရောင်ဆိုင်ကယ်ဖြင့် အောင်ပန်းမြို့ဘက်မှ ထီသိမ်ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ကျော်ထင်တွင် ယာဂျိုစောင်း ဖူးယောင်ဒဏ်ရာ၊ ယာဘက်နားရွက် အပေါ်ပြတ်ရှ၊ ဝဲဘက်ပခုံး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး စိုးရိမ်ရသဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုမှ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကျော်ထင်ကို အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats