ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သရက်ပု-ကမ္ဘားနီသွား
ကားလမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၇ ရက်၊ ညနေပိုင်းက အရှိန်မထိန်းနိုင်သောဆိုင်ကယ်မှ
လမ်းဘေး ကျောက်တိုင်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း သေဆုံး ကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
.ကလောမြို့နယ်၊ တောင်ပို့လှကျေးရွာနေ မောင်သိန်း မောင်းနှင်ပြီး
နောက်တွင် တစ်ရွာတည်းနေ အောင်ကျော် လိုက်ပါ စီးနင်းလာသည့် Loujia-110 ဆိုင်ကယ်သည် ဇန်နဝါရီလ ၇ ရက်၊ ညနေ ၅ နာရီခန့်က သရက်ပုကျေးရွာမှ ကမ္ဘားနီ ကျေးရွာဘက်သို့
မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် 16 KM နှင့် 17 KM ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရှိ လမ်းဘေးကျောက်တိုင်အား
ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း
မောင်သိန်းတွင် ဝဲနားထင် ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး အောင်ပန်းတိုက်နယ်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ကာ နောက်တွင် လိုက်ပါလာသူ အောင်ကျော်တွင်
ဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုမှ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်ပြီး
မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက် ဒဏ်ရာရ သေဆုံးစေသူ ဆိုင်ကယ်ယာဉ်မောင်း မောင်သိန်းကို
အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄ (က) တို့ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.