မိုင်းပန်မြို့နယ်၊ နန့်တိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်မြို့နယ်၊ နန့်တိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန် ပန္နက်ချ

မင်းဇော်မင်း

.

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်နမ့်တိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။

.


သူကြီးခေတ်က သူတို့အိမ်တွေမှာပဲ အုပ်ချုပ်ရေး ကိစ္စတွေ လုပ်ကြတာ ဖြစ်ပေမယ့် ခုခေတ်မှာ သီးသန့်ရုံး ဖြစ်လာတော့ ပြည်သူတွေအတွက် ပွင့်လင်းမြင်သာမှု ရှိပြီး လွယ်ကူတဲ့ အထောက်အကူ ဖြစ်ပါတယ်ဟု ဦးစိုးမင်းထက်က ပြောသည်။

.

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၌ ဆောက်လုပ် ပြီးစီးခဲ့သည့် နောင်ဟီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ပြီးလျှင် ယခု ဆောက်လုပ်သည့် ရုံးသည် မိုင်းပန်မြို့နယ် အတွင်း ဒုတိယမြောက် ဆောက်လုပ်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဖြစ်ကာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ ကျပ် ၂၈ ဒသမ ၇၈ သန်းဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပန္နက်တင် အခမ်းအနားသို့ မိုင်းပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်၍ ပန္နက် ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယခု ပန္နက်ချသည့် နမ့်တိန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စု လမ်းပေါ်တွင် တည်ရှိကာ မိုင်းပန်မြို့နယ်တွင် မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ အုပ်စု ရှိရာ ယခုတွင် ကျေးရွာအုပ်စု ရုံး ၂ ရုံးသာ ဆောက်လုပ်နိုင်သေးပြီး ၁၂ ရုံး ဆောက်လုပ်ရန် လိုအပ်နေသေးကြောင်း သိရသည်။

Journal Download

Photo of three cats