​ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁.၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

​ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁.၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ ဇန်နဝါရီလ ၂၇ ရက်တွင် ငွေကျပ် ၁.၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့​ကြောင်း သိရသည်။

.



မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်၊  ညနေ ၆ နာရီခန့်တွင် သတင်းအရ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားတွင် ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အာကာစိုးမိုး(ခ)အာကာ မောင်းနှင်ပြီး ပြည့်စုံဦး လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်နောက်ခန်း ကြမ်းခင်းအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းပြားကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

ယင်းဆေးပြားများကို တန့်ယန်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ စိုင်းနောင်(ခ)စိုင်းကျော်လင်းက တောင်ကြီးမြို့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats