.
လိမ္မော်ဖြူအရက်ကုမ္ပဏီမှ ယာဉ်မောင်း ကိုရဲမင်းထွေးသည် ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၁၀ နာရီခန့်က တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လိမ္မော်ဖြူ အရက်ကုမ္ပဏီရှေ့တွင် မော်တော်ယာဉ်အား ရပ်ထားစဉ် ယာဉ်ရှေ့ခန်းရှိ ငွေကျပ် သိန်း ၃၀ အား အမည်မသိ လူတစ်ဦးက ခိုးယူထွက်ပြေးခဲ့သဖြင့် တောင်ကြီးမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ခိုးယူ ထွက်ပြေးသည့် သက်နိုင်ထွေး (ခ) ဖိုးသားငယ်အား ကန်အောက် ရပ်ကွက်၊ ရေမြောင်းအတွင်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ကိုယ်စား ရဲအရာရှိ တစ်ဦးကို လိမ္မော်ဖြူ အရက်ကုမ္ပဏီ မန်နေဂျာ ဦးညီညီထွေးက ချီးမြှင့်ငွေကျပ် ၁၅ သိန်း ပေးအပ်ခဲ့ခြင်း ဖြစ်ကာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့သို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ပြစ်မှု ကျူးလွန်သူ သက်နိုင်ထွေး (ခ) ဖိုးသားငယ်အား တောင်ကြီးမြို့မရဲစခန်း၌ (ပ) ၁၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။