ကလော-သာစည်သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, January 16, 2021

ကလော-သာစည်သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ဖမ်းမိ

ခွန်သန်းအောင်

.

တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကလော-သာစည်သွား ပြည်ထောင်စုလမ်းမပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ အား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ၊ ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ဇန်နဝါရီလ ၁၅ ရက်၊ ညနေ ၆ နာရီခန့်က ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွား ပြည်ထောင်စုလမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ကလောဘက်မှ သာစည်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ ဆန်းထွန်းလင်း မောင်းနှင်ပြီး ညောင်ရွှေမြို့နယ်နေ မအေးအေးကြူ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မအေးအေးကြူ၏ ရင်ဘတ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုတ်လျက် အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၇ ထုပ်၊ စုစုပေါင်း ၁၄၀၀ ပြား၊ ကာလတန်ဖိုး ၁၄ သိန်းကျပ် ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို မိုင်းပျဉ်းမြို့အနီး၊ ပြည်ထောင်စုလမ်းမဘေး ရှိ တောင်ယာတဲတစ်ခုတွင် အမည်မသိ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ဆန်းထွန်းလင်းနှင့် မအေးအေးကြူတို့ ၂ ဦးအား ကလောမြို့မရဲစခန်းတွင် မယ (ပ)၃/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats