ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးမြေနေရာ မြေသန့်မင်္ဂလာအခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးမြေနေရာ မြေသန့်မင်္ဂလာအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး မြေနေရာ မြေသန့်မင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့ရှိ ဒေသတရားရုံး မြေနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

 

တောင်ကြီးမြို့၊ အောင်မြေဘုံစံသာမဏေကျော်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဓ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာနန္ဒနှင့် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်၍ ရေစက်သွန်းချ အမျှအတန်း ပေးဝေပြီး မြေသန့်မင်္ဂလာကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.


အဆိုပါ မြေသန့်မင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရေးအရာရှိများ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.


 

Journal Download

Photo of three cats