ကျောက်မဲမြို့တွင် နေအိမ် အိပ်ခန်း အတွင်း မီးလောင်မှုဖြစ်ကာ လူတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့တွင် နေအိမ် အိပ်ခန်း အတွင်း မီးလောင်မှုဖြစ်ကာ လူတစ်ဦး သေဆုံး

မိုင်းထွန်း

.


ကျောက်မဲမြို့တွင် ဇန်နဝါရီလ ၁ ရက်၊ ညပိုင်းက နေအိမ် အိပ်ခန်းအတွင်း မီးလောင် ကျွမ်းမှုကြောင့် အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

ကျောက်မဲမြို့၊ အမှတ်(၇) ရပ်ကွက်၊ နယ်မြေ (၁)ရှိ ဦးသန်းဝင်း၏ နေအိမ်တွင် ယမန်နေ့ည ၉ နာရီခွဲ ကျော်ခန့်က မီးလောင်မှု ဖြစ်ပွား‌နေကြောင်း သတင်းအရ မီးသတ်ဦးစီးဌာနက သွားရောက် မီးငြိမ်းသတ်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေအိမ် အိပ်ခန်းအတွင်းရှိ မွေ့ယာများ မီးလောင်ကျွမ်းကာ ဦးသန်းဝင်းမှာ ကုတင်ဘေးတွင် ကျောကုန်း မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုသည် မွေ့ယာပေါ်၌ ပန်းကန်ပြား ခံ၍ ခြင်ဆေးခွေ ထွန်းပြီး အိပ်ပျော်ရာမှ ခြင်ဆေးခွေက မွေ့ရာပေါ်သို့ ကျပြီး မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက သုံးသပ်ထားကြောင်း သိရသည်။

.

ယင်းမီးလောင်မှုကြောင့် ကာလတန်ဖိုး​ငွေ ကျပ် ၁၆၅၀၀၀ ခန့် ပျက်ဆီး ဆုံးရှုံး၍ ဦးသန်းဝင်း ( ၇၀ နှစ်) ​သေဆုံးခဲ့ရကာကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၂/ ၂၀၂၀၊ ပုဒ်မ-၂၈၅/ ၃၀၄ (က) ဖြင့် အမှုဖွင့် ​ဆောင်ရွက်ထားသည်ဟု သိရသည်။ 

 .

ဓါတ်ပုံ- တောင်ပေါ်သားလေး

Journal Download

Photo of three cats