ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး၏ တာဝန်များကို သယံဇာတဝန်ကြီးသို့ ယာယီ လွှဲပြောင်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး၏ တာဝန်များကို သယံဇာတဝန်ကြီးသို့ ယာယီ လွှဲပြောင်းထား

နန်းနန်း

.

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းသည် ၎င်း၏ တာဝန်များကို ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် ထံသို့ ယာယီ လွှဲပြောင်းထားကြောင်း သိရသည်။

.


လာမည့် ရက်ပိုင်းအတွင်း ပြုလုပ်မည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး တက်ရောက်ရမည် ဖြစ်သည့် အတွက် ဒေါက်တာ မျိုးထွန်း အနေဖြင့် ၎င်း၏ တာဝန်များကို ဒေါက်တာ ညီညီအောင်ထံသို့ ယာယီ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

.

လောလောဆယ်မှာ သယံဇာတ ဝန်ကြီးကို တာဝန်လွှဲသွားတယ်၊ လွှတ်တော် (တတိယအကြိမ် ပြည်သူ့လွှတ်တော်) ပထမပုံမှန် အစည်းအဝေး တက်ပြီးတာနဲ့ ပြန်လာပြီးတော့ လူမှုရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ဦးမှာပါ၊ ယာယီ လွှဲထားတာပေါ့။ ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ပြောသည်။

.

ဒေါက်တာ မျိုးထွန်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု) အဖြစ် အနိုင်ရရှိသူ ဖြစ်ပြီး ယခင် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ကွမ်းလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရကာ ပြည်နယ် လူမှုရေးဝန်ကြီး အဖြစ် အစိုးရသက်တမ်း ၂ ကြိမ်ဆက် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

Journal Download

Photo of three cats