ကမ္ဘောဇတိုင်း
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်၊ ဆင်နက်ချောင်းကျေးရွာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များမှ
ဆောက်လုပ်လှူဒါန်းသည့် စာကြည့်တိုက်အား ဒီဇင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက
အဆိုပါကျေးရွာ၌ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲတွင်
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က စာကြည့်တိုက် သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍
အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက် လွှဲပြောင်းပေးမှု မှတ်တမ်းနှင့်
စာကြည့်တိုက်အတွက် သုတ၊ရသ စာအုပ်စာစောင်များကို လွှဲပြောင်းပေးအပ်ရာ
ကျေးရွာတာဝန်ရှိသူ များက လက်ခံရယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက
ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆင်နက်ချောင်းကျေးရွာတွင် တပ်မတော်(ကြည်း၊ရေ၊
လေ)မိသားစုများမှ ငွေကျပ် ၃၆၈ သိန်း တန်ဖိုးရှိ အလျား ၅၅ ပေ၊ အနံ ပေ ၃၀ ရှိ
စာကြည့်တိုက်တစ်လုံး၊ ငွေကျပ် ၂၉၉ သိန်းတန်ဖိုးရှိ အမှိုက်သယ်ယာဉ် ၁ စီးနှင့်
ငွေကျပ်သိန်း ၁၆၀ ကျော်တန်ဖိုးရှိ KVA ထရန်စဖော်မာ ၁
လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျေးရွာဘောလုံးအားကစားကွင်းအား
ပေးအပ်လှူဒါန်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
.