လားရှိုးမြို့ရှိ We Love LASHIO ဆိုင်းဘုတ်မှာ ဒီဇင်ဘာလ ၂၂ ရက်က ထပ်မံ ဖျက်ဆီး ခံခဲ့ရပြီး ယင်းကဲ့သို့ ဖျက်ဆီးခံရခြင်းမှာ ၈ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
.
" ၈ ကြိမ်မြောက်အဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ကျူးလွန်သူကို မမိသေးပါဘူး။ CCTV မှာပဲ တွေ့သေးတာ။ ရဲကို အပ်ထားတုန်း။ ဖမ်းမိမှ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုနဲ့ တရား စွဲရမှာပေါ့။ အများပိုင်ပစ္စည်း အလှလုပ်တဲ့ဟာကို မဖျက်ဆီးစေချင်ဘူး။”ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း We Love LASHIO ဆိုင်းဘုတ်ကို လားရှိုးမြို့ ရန်ကြီးအောင်ဘုရား အနီးတွင် စည်ပင်သာယာရေးဌာနက လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့် အပြင် လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်လည်း ဖြစ်သည်။