တောင်ကြီးမြို့မဈေးအနောက်ဘက်လမ်းပေါ်တွင် လမ်းပြောင်းပြန်ဝင်ရောက်သည့်ယာဉ်များကြောင့် နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအနောက်ဘက်လမ်းပေါ်တွင် လမ်းပြောင်းပြန်ဝင်ရောက်သည့်ယာဉ်များကြောင့် နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေ

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ မြို့မဈေးကြီးအနောက်ဘက်၊ စဝ်စံထွန်းလမ်းပေါ်တွင် တစ်လမ်းမောင်းစနစ် သတ်မှတ်ထားသော် လည်း လမ်းပြောင်းပြန်ဝင်ရောက်သည့် ယာဉ်များကြောင့် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

.

.

မြို့မဈေး နာရီစင်အနီးတွင် ယာဉ်မဝင်ရ ဆိုင်းဘုတ် တပ်ဆင်ထားသော်လည်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အချို့မှာ လမ်းပြောင်းပြန် ဝင်ရောက်မောင်းနှင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

.

“ဈေးအနောက်ဘက်လမ်းက အမြဲတမ်းလိုလို ယာဉ်ကြောပိတ်ဆို့မှုဖြစ်တယ်။ လမ်းအနောက်ဘက်ခြမ်းမှာ ကုန်တင် ကုန်ချကားတွေ အချိန်အကြာကြီးရပ်ပြီး လုပ်ကြတယ်။ အဆိုးဆုံးကတော့ နာရီစင်ဘက်ကနေ လမ်းပြောင်းပြန်ဝင်တဲ့ ဆိုင်ကယ်တွေပေါ့။ စည်းကမ်းလိုက်နာဖို့ လိုအပ်ပါတယ်” ဟု အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ စဝ်စံထွန်းလမ်းပေါ်တွင် ကုန်တင်ယာဉ်များမှ အချိန်ကြာမြင့်စွာ ရပ်နား၍ ကုန်တင်ကုန်ချ ပြုလုပ်ခြင်း၊ လမ်း ပြောင်းပြန် ဝင်ရောက်ခြင်းများ ရှိနေသည့်အတွက် သက်ဆိုင်ရာမှ ကြီးကြပ်ပေးစေလိုကြောင်း ဒေသခံများက ပြောဆို လျက်ရှိသည်။

.

ယင်းကဲ့သို့ လမ်းပြောင်းပြန် ဝင်ရောက်မှု မရှိစေရန် သိသားထင်ရှားသည့် လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ် တပ်ဆင် ပေးရန် လိုအပ်ပြီး စည်းကမ်းဖောက်ဖျက်သူများအားလည်း အရေးယူပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။

.


Journal Download

Photo of three cats