ကမ္ဘောဇတိုင်း
.
ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာကို Tourism
Village အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၎င်း၏ လူမှုကွန်ရက် Facebook
မှတစ်ဆင့် ပြောဆိုခဲ့သည်။
.
.
စံကားကျေးရွာသည် ယခင်က စော်ဘွားမြို့တစ်မြို့ဖြစ်ပြီး
ယဉ်ကျေးမှု အမွေအနှစ်များ၊ ဒေသထွက်ကုန်များ ပေါများကာ နိုင်ငံခြား ခရီးသွားဧည့်သည်များ
စိတ်ဝင်စားသည့် CBT ကျေးရွာအဖြစ် ဖော်ဆောင်ထားပြီးဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် စံကားကျေးရွာတွင် နှစ်ပေါင်း ၂၅၀ ကျော်
သက်တမ်းရှိ စကားပင်များ တည်ရှိနေပြီး အမှိုက်ကင်းစင်၊ မူးယစ် ကင်းစင်သည့် ကျေးရွာတစ်ရွာအဖြစ်
ဖော်ဆောင်သွားမည်ဖြစ်ကာ e-Library လည်း ဖော်ဆောင်သွားရန် ရှိနေကြောင်း
သိရသည်။
.
ယင်းကဲ့သို့ စံကားကျေးရွာအား Tourism
Village အဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးနေမျိုးတို့သည် ဒီဇင်ဘာလ ၁၃ ရက်က ဒေသခံ CBT ကော်မတီဝင် ကျေးရွာသူ/သားများနှင့်အတူ
သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment