အောင်ကျော်မိုး (တာလေ)
.
တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ
ကျေးရွာအချို့တွင် နွေကာလမတိုင်မီ ရေခန်းခြောက်ခြင်းနှင့် သောက်သုံးရေ ပြတ်လပ်ခြင်းများ
ရှိနေသည့်အတွက် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ယင်းကဲ့သို့ သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲများ
ဖြစ်ပေါ်နေသည့် ပန်ချီဟတ်ကျေးရွာတွင် လတ်တလော အဆင်ပြေစေရန်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးဒေးဗစ်မှ ၂ လက်မပိုက် ၆၅ လုံးထောက်ပံ့ပေးပြီး ရေသွယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပန်ချီဟတ်ကျေးရွာအတွက် ရေပိုက်သွယ်တန်းရန်
အကွာအဝေး ၁/၄ မိုင်ရှိပြီး လာမည့်
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြင်ဆင်ထိန်းသိမ်း
ကုန်ကျစရိတ်များ ခွင်ပြုချထားပေးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့
ဆက်လက်တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
.
စိမ့်စမ်းရေ သွယ်ယူမည့်နေရာအား ဒီဇင်ဘာလ ၂၆ ရက်က
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက ကွင်းဆင်းတိုင်တာ ဆောင်ရွက်ခဲ့သည်ဟု
သိရသည်။
.