.
တာချီလိတ်ခရိုင်၊ တာလေမြို့၌ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်စနစ်ကို အသုံးပြု၍ ဇကာပိုက်ဖြင့် ပျိုးထောင် စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
နွေစပါး စိုက်ပျိုးမှု လျော့နည်း ကျဆင်းမှု မရှိစေရေးနှင့် အထွက်နှုန်း တိုးတက် ရရှိစေရန်အတွက် အပြင် စိုက်ပျိုးချိန်တွင် လုပ်သား အနည်းငယ်ဖြင့် ပျိုးနုတ်စရိတ် ပိုမိုသက်သာစေရန် အတွက် ဘာစမာတီ မျိုးစပါးကို ပျိုးသက် ၁၅ -၂၀ ရက်အတွင်း စိုက်ပျိုးရန် ဘောင်စနစ်ကို အသုံးပြု၍ ဇကာပိုက်ဖြင့် ပျိုးထောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စပါးအထွက်နှုန်း တိုးစေရန် ဘောင်စနစ်ကို အသုံးပြု၍ ပျိုးထောင်ခြင်းကို တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများက ဒီဇင်ဘာလ ၂၈ ရက်တွင် ပျိုးဘောင်စွဲခြင်း၊ ပျိုးကြဲခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.