တာလေ၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာလေ၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်

အောင်ကျော်မိုး(တာလေ)

.

တာချီလိတ်ခရိုင်တာလေမြို့နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ အသက် လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့ (ဒီဇင်ဘာလ ၄ ရက်) နံနက်ပိုင်းက COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.


ယင်းကဲ့သို့ ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်း အစီအစဉ်တွင် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး ၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး ၊ penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ၊ ပိုလီယိုကာကွယ်ဆေး၊ opv  ပိုလီယိုအစက်ချ ကာကွယ်ဆေးများထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ထိုးခြင်း ၊ တိုက်ကျွေးပေးခြင်း အကြောင်းနှင့် ကာကွယ်နိုင်သော ရောဂါများအကြောင်းကို ဆွေးနွေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ အသက် ၂ လမှ တစ်နှစ်ခွဲအောက် ကလေးငယ် များအား ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများကို တာလေမြို့ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats