တောင်ကြီးမြို့ပေါ်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ နေရာ၌ ရှမ်းတောင်မှ တပ်ဖွဲ့ဝင်များဖြင့် အင်အား ဖြည့်တင်း ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ နေရာ၌ ရှမ်းတောင်မှ တပ်ဖွဲ့ဝင်များဖြင့် အင်အား ဖြည့်တင်း ဆောင်ရွက်မည်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

တောင်ကြီးမြို့ပေါ်ရှိ လစ်လပ်လျက်ရှိသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ နေရာ၌ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ ခရိုင်အသီးသီးမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် အင်အားဖြည့်တင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

.

.

“လျော့သွားတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့ နေရာမှာ လွိုင်လင်ခရိုင်နဲ့ လင်းခေးခရိုင်မှာရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၁၀ ယောက် ဒီကို ထုတ်နုတ်ပါမယ်။ နောက်ပြီး တောင်ကြီးခရိုင်အတွင်းက ကျန်မြို့နယ်တွေက ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၁၆ ယောက် ထုတ်နုတ်ပါမယ်။ အဲဒီ ၂၆ ယောက်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးတာဝန်တွေကို ဆောင်ရွက်သွားမှာပါ။ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လာကူဖို့တော့ လတ်တလော မရှိသေးပါဘူး” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှ တပ်ဖွဲ့ဝင်နှင့် မိသားစု ၂၂ ဦးတွင် ယမန်နေ့ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် အဆိုပါ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) ကို အသွား အလာ ကန့်သတ်ထားပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကိုလည်း တောင်ကြီးမြို့၊ သာသနာ့ဗိမာန်သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် အနံ့ပျောက်သူများရှိကြောင်း သတင်းအရ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးရာမှ ပိုးတွေ့လူနာများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats