တောင်ကြီးမြို့မဈေးကို ဒီဇင်ဘာလ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးကို ဒီဇင်ဘာလ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

စုလှိုင်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြို့မဈေးအား ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

.



.

“ဈေးကို ဖွင့်ခွင့်ပြုလိုက်ပါပြီ။ COVID-19 စည်းကမ်းချက်အတိုင်း ဖွင့်ရမှာပေါ့။ မနက်ဖြန် (ဒီဇင်ဘာလ ၂၉ ရက်) က လပြည့်နေ့ ဖြစ်နေတော့ သဘက်ခါ ဒီဇင်ဘာလ ၃၀ ရက်ကစပြီး ဖွင့်မှာပါ” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့မဈေးအတွင်း နိုဝင်ဘာလ ၃၀ ရက်က COVID-19 ရောဂါ ပိုးတွေ့လူနာ တွေ့ရှိခဲ့သည့်အတွက် ဈေးကို ယာယီပိတ်ထားခြင်းဖြစ်ပြီး ယခုအခါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တစ်ခန်းခြားဖြင့် စနစ်တကျ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

.

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ကလည်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တောင်ကြီး မြို့မဈေးကို တစ်လကျော်ကြာ ယာယီပိတ်ထားခဲ့ရပြီး ဇွန်လ ၁ ရက်မှ စတင်၍ တစ်ခန်းခြားစနစ်ဖြင့် ပြန်လည် ရောင်းချခွင့် ပြုခဲ့ဖူးသည်။

.

တောင်ကြီးမြို့မဈေးသည် မြို့တော်တောင်ကြီး၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး ဈေးအတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊ ဆိုင်ခန်းပေါင်း ၁၈၆၈ ခန်း ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats