တောင်ကြီးတွင် ဆိုင်ကယ် ၈ စီး ခိုးယူသူကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဆိုင်ကယ် ၈ စီး ခိုးယူသူကို ဖမ်းမိ

စုလှိုင်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ဆိုင်ကယ် ၈ စီး ခိုးယူခဲ့သူကို ဒီဇင်ဘာလ ၂၀ ရက်က ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။

.

.

“ဆိုင်ကယ် ၈ စီး ပေါ်တာပေါ့။ ၅ စီးကတော့ ပိုင်ရှင်တွေ လာသွားလို့ အမှုဖွင့်နေပြီ။ ၃ စီးက ပိုင်ရှင် မလာဘူးဆိုရင် ကညနမှာ ပြန်ပြီး စိစစ်ရမှာပေါ့။ အဆုတ်ဆေးရုံနားမှာ ဖမ်းမိတာပါ။ ဆိုင်ကယ်တွေက ပွဲစားတန်းမှာ ရောင်းထားတာ တွေကို အကုန်ပြန်သိမ်းရတာပေါ့” ဟု တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေလင်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ဆိုင်ကယ်များ ခိုးယူသူ ကျော်စိုးလွင် (ခ) ကျော်စိုး ကို တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

ထို့အပြင် ပျောက်ဆုံးသွားသည့် ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် အုံနာဘုတ်များ ယူဆောင်ကာ တောင်ကြီးမြို့မရဲစခန်း တွင် လာရောက်တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရသည်။

.


Journal Download

Photo of three cats