တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် ကလေးငယ်တစ်ဦး ကားပေါ်မှ ပြုတ်ကျသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် ကလေးငယ်တစ်ဦး ကားပေါ်မှ ပြုတ်ကျသေဆုံး

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး နေအိမ်အတွင်း ရပ်ထားသော လုပ်ငန်းသုံး မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနေ စတီးလုပ်ငန်း လုပ်ကိုင်သူ စိုင်းထွန်းဝင်း၏ သားဖြစ်သူ အသက် ၁ နှစ်၊ ၆ လအရွယ် ကလေးငယ်သည် ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က အခြားကလေးငယ်နှင့်အတူ နေအိမ်ဝင်းအတွင်း ရပ်ထားသော လုပ်ငန်းသုံးမော်တော်ယာဉ်ပေါ်တွင် ဆော့ကစားနေစဉ် ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“မနက်က ဆုံးတာပါ။ ညနေ ၃ နာရီခွဲလောက်မှာ အကြောင်းကြားလာတော့ စခန်းမှူးနဲ့ ကျွန်တော်တို့ သွားရောက် စစ်ဆေးပြီးတော့ စဝ်စံထွန်းဆေးရုံကို ပို့ပေးပြီး ညနေ ၅ နာရီခွဲမှာ သေမှုသေခင်း ဖွင့်ပါတယ်” ဟု တောင်ကြီးနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီး နယ်မြေ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၄/၂၀၂၀ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats