တောင်ကြီးမြို့ပေါ်ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ညီညွတ်သည့်အတွက် A အဆင့် ရရှိ၍ ဒီဇင်ဘာလ ၂၃ ရက်မှ စတင်ကာ ဆိုင်ထိုင် စနစ်ဖြင့် စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်များ ပြန်လည် ဖွင့်လှစ် ရောင်းချခွင့် ရရှိပြီ ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခြင်း မပြုဘဲ Take away စနစ်ဖြင့်သာ ရောင်းချသွားရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက စက်တင်ဘာလ ၂၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက် ၃ လအကြာတွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ခြင်း ဖြစ်သည်။