တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, December 13, 2020

တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


.

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ (အပေါ်ကျေးရွာ)၌ ဒီဇင်ဘာလ ၁၂ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား ၅၉၅၄ ပြားနှင့် ဘိန်းဖြူ ၄ ဂရမ်ခန့်ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

.

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၂ ရက်၊ ည ၆ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ (အပေါ်ကျေးရွာ)၊ လောကဓမ္မ ဘုန်းကြီးကျောင်းလမ်းတွင် စောင့်ဆိုင်းနေစဉ် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ အားဒေါင်း (ခ) ကိုလေး ရှေ့ပြေးအဖြစ် မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရှာဖွေနေစဉ် လွယ်စီတုံ(အပေါ်ကျေးရွာ)နေ မဘူးတို့ မောင်းနှင် ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ် ရှေ့ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ပြားအား တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၄ ပြားနှင့် ဘိန်းဖြူ ၄ ဂရမ်ခန့်ကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats