.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ ဘေစီလှ(ခ) အငယ်လေး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် မတွေ့ရှိဘဲ နေအိမ်မှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃၀ ပြား (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၉ ဒသမ ၃ သိန်း)၊ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးမှုန့် ၃၀ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃ သိန်း)၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံး ၅ ခု၊ ဂတ်စ်အိုး ၅၉ လုံး၊ ဂတ်စ်အိုးအထိုင် ၂ ခု၊ ဂတ်စ်ပိုက် ၁ ခွေ၊ ကီလိုချိန်ခွင် ၂ ခု၊ မီးစက် ၃ လုံး၊ မော်တာ ၂ လုံး၊ မွှေစက်အထိုင် ၁ လုံး၊ အမှုန့်ကြိတ်စက် ၁ လုံးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွဆေးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်၍ ဘေစီလှ(ခ) အငယ်လေး အား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။