​တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ Stay Home နယ်​မြေများအား သက်တမ်းတိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ Stay Home နယ်​မြေများအား သက်တမ်းတိုး

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်တွင် COVID-19 ပိုးတွေ့လူနာ များပြားလာနေသည့်အတွက် နယ်​မြေနှင့် လမ်းအချို့ကို Stay Home အမိန့်ကို ယခင်က ဒီဇင်ဘာလ ၁၃ ရက်ထိ ထုတ်ပြန်ခဲ့ပြီး​နောက် ယခုတွင် ဒီဇင်ဘာလ ၂၀ ရက်ထိ ရက်သတ္တပတ် တစ်ပတ်တာ သက်တမ်း တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

.

.

Stay at Home ပါပဲ။ မင်္ဂလာဦး တစ်ရပ်ကွက်လုံး မဟုတ်ပါဘူး” ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ဒေါက်တာမိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းဝေကလည်း “အရင် ထားတဲ့ နေရာတွေကို ဒီဇင်ဘာလ ၂၀ ရက်အထိ ရက်တိုးတာပါ။ မင်္ဂလာဦးမှာ Positive လူနာ ၂၃ ဦး ရှိပါတယ်။ အခု ကန့်သတ်ထားတဲ့ နေရာမှာ အိမ်ထောင်စု ပေါင်း ၃၅၉ ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။

.

မင်္ဂလာဦးရပ်ကွက်တွင် COVID-19 ပိုးတွေ့လူနာ များပြားလာနေသည့်အတွက် Stay Home ကာလကို ယခင်က ဒီဇင်ဘာလ ၁၃ ရက်အထိ သတ်မှတ်ထားရာမှ ဒီဇင်ဘာလ၂၀ ရက် အထိ ရက်သတ္တတစ်ပတ် သက်တမ်း တိုးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။

.

တောင်ကြီးမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်က COVID-19 အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

.


Journal Download

Photo of three cats