စုလှိုင်
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ နေအိမ်အချို့အား
Stay at Home အမိန့် သတ်မှတ်ထားမှုကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်၊
ညပိုင်းမှ စတင်၍ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ သိရသည်။
.
.“မနေ့ည (ဒီဇင်ဘာလ ၂၃ ရက်)၊ ည ၁၂ နာရီကျော်ကတည်းက
ဖွင့်ပေးတာပါ။ မင်္ဂလာဦးမှာ ပိုးတွေ့တဲ့လူနာ မရှိတော့ဘူး။ အကုန်လုံး Negative
ဖြစ်သွားပြီ” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၌ COVID
-19 ကူးစက်ရောဂါ ဖြစ်ပွားသူ
များပြားလာသဖြင့် ယင်းရပ်ကွက်ရှိ နယ်မြေအချို့မှ အိမ်ထောင်စု ၃၅၉ စုအား နိုဝင်ဘာ
၂၉ ရက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး
နိုဝင်ဘာနှင့် ဒီဇင်ဘာ ၂ လအတွင်း မင်္ဂလာဦးရပ်ကွက်၌ စုစုပေါင်းပိုးတွေ့လူနာ ၃၈ ဦးအထိ
ရှိခဲ့သည်ဟု သိရသည်။
.