ရှမ်းပြည်နယ်ရှိ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၄ ခုနှင့် ကျေးရွာပေါင်း ၁၃၈ ရွာကို Stay at Home သတ်မှတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းပြည်နယ်ရှိ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၄ ခုနှင့် ကျေးရွာပေါင်း ၁၃၈ ရွာကို Stay at Home သတ်မှတ်ထား

ရှမ်းပြည်နယ် အတွင်းရှိ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၄ ခုနှင့် ကျေးရွာပေါင်း ၁၃၈ ရွာကို Stay at Home ကြေညာ၍ အသွားအလာ ကန့်သတ်ထားသည့် နေရာများ အဖြစ် သတ်မှတ်ထားရှိကြောင်း သိရသည်။

.


ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်စဉ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ အသွားအလာ ကန့်သတ်ထားသည့် နေရာများ အဖြစ် သတ်မှတ်ထားရှိသည့် ဒေသများမှာ ရောဂါကူးစက် ပျံ့နှံမှုများသော တောင်ကြီးမြို့ပေါ်ရှိ မင်္ဂလာဦးရပ်ကွက်၊ တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက် ၆ ခု အပါအဝင် ကျေးရွာအုပ်စု ၄ ခု၊ ကျေးရွာပေါင်း ၁၃၈ ရွာ ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း၌ ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းထိ COVID-19 အတည်ပြုလူနာ ၅၂၇ ဦး တွေ့ရှိထားပြီး ယင်းအနက် ၂ ဦး သေဆုံး၍  ၃၁၀ ဦးမှာ ရောဂါ ပျောက်ကင်းခဲ့ပြီး ကျန်ရှိသည့် ၂၁၅ ဦးကို သက်ဆိုင်ရာ မြို့နယ်များရှိ ဆေးရုံများတွင် စောင့်ကြည့်ကာကွယ် ကုသပေးလျက် ရှိကြောင်းနှင့် COVID-19 နှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ သံသယ/စောင့်ကြည့်လူနာ ၅၂၂၆ ဦးကို Community Based Facility Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats