.
“ ရဲတပ်ရင်းတွေရယ်၊ တပ်မတော်၊ နယ်မြေခံရဲ အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေနဲ့ ဖျက်နေတာပါ။ ထပ်ပြီးတော့လည်း ဖျက်ဖို့ ရှိနေပါသေးတယ်။”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကလော၊ လွိုင်လင်၊ မိုင်းကိုင်၊ နမ့်စန်၊ ကျေးသီး၊ လဲချား စသည့်မြို့နယ်များရှိ ဘိန်းစိုက်ခင်း ဧက စုစုပေါင်း ၅၂၁၁ ဒသမ ၃၀ ဧက ကို ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု တတိယ အများဆုံး နိုင်ငံ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ၃၃၁၀၀ ဟတ်တာ ရှိကာ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
.