သီပေါမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ခုတ်သည့် ကိုရင်ကို ဆရာတော်မှ ခွင့်လွှတ် ကြေအေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ခုတ်သည့် ကိုရင်ကို ဆရာတော်မှ ခွင့်လွှတ် ကြေအေး

မင်းဇော်မင်း

.

သီပေါမြို့နယ်၊ အုံမုကျေးရွာအုပ်စု၊ ပန်ခါးကျေးရွာတွင် ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ခုတ်ခဲ့သည့် ကိုရင်ကို ဆရာတော်မှ ခွင့်လွှတ်ကြေအေးကြောင်း လက်မှတ်ရေးထိုးပြီး ယနေ့ ဒီဇင်ဘာလ ၁၆ ရက် တွင် တရားရုံးသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ဆရာတော်က ခွင့်လွှတ်တယ်။ အမှုလည်း ဆက်မလုပ်ဘူးဆိုပြီး ကြေအေးလွှာမှာ လက်မှတ်ထိုးထားတာ လာပြပြီး အကြံဉာဏ်တောင်းလို့ ဆရာတော် မိန့်တော်မူတဲ့အတိုင်း ကောင်းမွန်ကြောင်း ပြောလိုက်ပါတယ်။ ကိုရင်ကိုတော့ ကျောင်းမှာ ပြန်လက်မခံတော့သလို ကျောင်းဘက်ကိုလည်း မလာခိုင်းတော့ဘူးလို့ စာချုပ်မှာ တွေ့ရတယ်” ဟု အဆိုပါ ကိစ္စအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သီပေါမြို့နယ်မှ ကိုစိုင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပန်ခါးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဉာဏောဘာသာ သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်က ဘုရားဝတ်ပြုနေစဉ် ဆူညံနေသဖြင့် ပြောဆိုခဲ့ရာမှ ယင်းကျောင်းရှိ ကိုရင် ရှင်ဣန္ဒ (လူအမည် အိုက်စိုး) က ဆရာတော် အား နောက်မှ ဓါးဖြင့် ခုတ်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်အား သီပေါဆေးရုံသို့ ပို့ဆောင်ကာ ဓါးဖြင့်ခုတ်သူ ကိုရင်ကို သီပေါရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

.

ကြေအေးလွှာ စာချုပ်တွင် ဆရာတော်နှင့် ကျူးလွန်သူ ကိုရင်ကြီးတို့အပြင် အုံမုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်ထါန်းနှင့် အသိသက်သေ ၂ ဦးတို့က လက်မှတ်ရေးထိုးထားပြီး တရားရုံးသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats