တရားမဝင် သယ်ဆောင်လာသည့် ဆိုဒီယမ် ဆိုင်ရာနိုက် (Sodium Cyanide) Durm များအား သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ယာဉ်မောင်းနှင့်အတူ ဒီဇင်ဘာလ ၂၂ ရက် နေ့လယ် ၁ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ရေပူစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွဋ်သည် အကောက်ခွန် အဖွဲ့များနှင့်အတူ မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီး နောက်တွဲယာဥ်အား သွင်းကုန်စစ်ဆေးရေးစင်၌ သွင်းကုန်ကြေညာလွှာနှင့်အတူ အသေးစိတ်စစ်ဆေးခဲ့ရာ ယာဥ်ပေါ်ရှိ ပရိဘောဂနှင့် ကုန်စုံများအတွင်းတွင် ဆိုဒီယမ် ဆိုင်ရာနိုက်( Sodium Cyanide) Durm များအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် RIGAKU စက်ဖြင့် ဆက်လက် စစ်ဆေးခဲ့ရာ Drum များအတွင်းမှ ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide ) ၅၀ kg ခန့်ပါ Durm ၃၈၅ လုံး၊ စုစုပေါင်းအလေးချိန် ၁၉၂၅၀ kgခန့်၊ ခန့်မှန်းတန်ဖိုးငွေ ၁၁၅၅၀၀၀၀၀ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် ဆိုဒီယမ် ဆိုင်ရာနိုက် (Sodium Cyanide)များ သယ်ဆောင်လာသူ ယာဥ်မောင်းအား သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။