ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊
ရွှေညောင်-ရပ်စောက်သွား ကားလမ်းပေါ်တွင် ဒီဇင်ဘာလ ၂ ရက်၊ ညနေပိုင်းက ကားနှင့် ဆိုင်ကယ်
တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးပြီး သေဆုံးသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား
၁၀၀၀ အား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊
ပိန္နဲပင်ကျေးရွာနေ ကိုဦး (၃၀ နှစ်) သည် ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က
ရွှေညောင်-ရပ်စောက် ကားလမ်းအတိုင်း JANSHE 125 အမျိုးအစား မော်တော်ဆိုင်ကယ်
ဖြင့် မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် တောင်နီကျေးရွာ၊ တောင်ဖီလာဘုရားအနီး၊ မိုင်တိုင်အမှတ်
(၈/၄) နှင့် (၈/၅) အနီး အရောက်တွင် မျက်နှာချင်းဆိုင်မှ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊
ညောင်သုံးပင် ကျေးရွာနေ စိုးဝင်းထွန်း မောင်းနှင်လာသည့် Hijet အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုဦးတွင်
နောက်စေ့ကွဲရှဒဏ်ရာ၊ နဖူးထိပ် ညိုမဲဒဏ်ရာ၊ ယာမျက်ခုံး အပေါ် ညိုမဲဒဏ်ရာ၊ ဝဲမျက်လုံးအပေါ်
ညိုမဲဒဏ်ရာ၊ ယာခါး ညိုမဲဒဏ်ရာ၊ ဝဲလက်ဖျံ ပွန်းဒဏ်ရာများ ရရှိပြီး အခင်းဖြစ် နေရာတွင်
သေဆုံးခဲ့ကာ ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ အား သိမ်းဆည်းရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး
တစ်ဘက်ယာဉ်ကြောသို့ ဝင်ရောက်တိုက်မိကာ မိမိကိုယ်ကို သေဆုံးစေသူ ဆိုင်ကယ်ယာဉ်မောင်း
ကိုဦး အား ရွှေညောင်နယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၃၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က
ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.