ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ရှိခဲ့သည့် ဟုဆိုကာ SNLD ပါတီမှ ကိုယ်စားလှယ်လောင်းက UEC သို့ ကန့်ကွက်လွှာတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ရှိခဲ့သည့် ဟုဆိုကာ SNLD ပါတီမှ ကိုယ်စားလှယ်လောင်းက UEC သို့ ကန့်ကွက်လွှာတင်

မင်းဇော်မင်း

.

ရွေးကောက်ပွဲတွင် တရားမဲ့ ပြုကျင့်မှုများ ရှိခဲ့သည် ဟုဆိုကာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) တွင် ကိုယ်စားလှယ်လောင်းအဖြစ် SNLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမော်ထွန်းအောင်က ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းခဲ့သည်ဟု သိရသည်။

.

.

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မှ ကျေးရွာမဲရုံများတွင် မဲပေးနိုင်သူ ဦးရေ ထက် ကျော်လွန် မဲထည့်ခြင်း၊ ၂ ခါပြန် မဲထည့်ခြင်း၊ အယောင်ဆောင် မဲထည့်ခြင်း၊ ဖိအားပေး မဲထည့်ခြင်းများရှိခဲ့သည် ကို စိစစ်တွေ့ရှိရသဖြင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ကန့်ကွက်လွှာ တင်သွင်းရခြင်းဖြစ်သည်ဟု ဦးမော်ထွန်း အောင် ထံက သိရသည်။

.

“မဲရုံ ၂၀ လောက်မှာ ကိုယ်တိုင်တွေ့ခဲ့ရတာတွေ ရှိတယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်လို့ ကွတ်ခိုင်နဲ့ နမ့်ခမ်းမှာ ကိုယ်တိုင် ၂ မှု ဖွင့်ခဲ့တယ်။ ပြီးတော့ တပ်မဲရုံလိုနေရာမှာ ရာနှုန်းပြည့် မဲလာပေးတယ်ဆိုတာ ထူးဆန်းတယ်။ နောက်ကွယ်မှာ ဖိအား တွေရှိမယ်လို့ ယူဆတယ်။ အခုလို ကန့်ကွက်ရတာက နောက်ပိုင်း ဥပဒေ စီရင်ထုံးတွေ ဖြစ်လာရင် အထောက်အပံ့ ဖြစ် အောင်လို့ပါ” ဟု ဦးမော်ထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ကျေးရွာမဲရုံအချို့တွင် အသက်မပြည့်ဘဲ မဲလာပေးခြင်း၊ သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးရမည့်အစား ကိုယ်တိုင် မဲလာပေးခြင်း၊ လက်ချောင်း မှင်တို့ထားမှုကို ဖျက်ပြီး ထပ်မံမဲလာပေးခြင်းများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

မဲပေးခွင့် စလစ် စနစ်က အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့ရပြီး မဲစာရင်းပုံစံ (၁) များကို PDF အစား Open Data Format များဖြင့် ပြုစုပြီး မှားယွင်းနေမှုများကို Third Party ကဲ့သို့သော အဖွဲ့အစည်းများက ပြုပြင်ခွင့် ရရှိစေလိုကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

.

ယင်း အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) နေရာတွင် SNLDTNPUSDPNLDSNDPKNP နှင့် UBP ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ ဦးအိုက်မွန်း က ၄၉၂၂၁ မဲဖြင့် အနိုင်ရရှိခဲ့ကာ ဦးမော်ထွန်းအောင် က ၄၆၁၆၉ မဲဖြင့် ဒုတိယမဲအများဆုံးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ အနိုင်ရရှိထားသူ နန်းထွေးမှုံ ကလည်း “ဒီဇင်ဘာလ ၂၄ ရက်က UEC ကို ကန့်ကွက်လွှာ တင်ခဲ့တယ်။ ကိုမော်ထွန်းအောင်ကို ကျွန်မ အနေနဲ့ တရားရုံးရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ဦးမော်ထွန်းအောင်၏ ကန့်ကွက်လွှာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်အမှတ် (၂၄၀) ဖြင့် လက်ခံ ထားသည်ဟု သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်များအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က ၂ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) က ၂ နေရာနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပါပါတီ (PNO) က တစ်နေရာ အနိုင်ရရှိ အနိုင်ရခဲ့သည်ဟု ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

.


Journal Download

Photo of three cats