လဲချားမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လဲချားမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ

ငြိမ်းသူ

.

လဲချားမြို့နယ် အတွင်းရှိ ကုန်းကတ်ကျေးရွာနှင့် ဝမ်ကတ်ကျေးရွာရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း လဲချားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

.


ယင်းကဲ့သို့ တစ်အိမ်သုံး ဆိုလာစနစ် မီးလင်းရေး လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW) နှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်း ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။

.

ကုန်းကတ်ကျေးရွာအတွက် ဝပ် ၆၀ ဆိုလာ ၉ လုံး၊ ဝပ် ၁၀၀ ဆိုလာ ၁၇ လုံး၊ လမ်းမီးတိုင် ၃ တိုင်နှင့် ဝမ်ကတ်ကျေးရွာအတွက် ဝပ် ၆၀ ဆိုလာ၂၀ လုံး၊ ဝပ် ၁၀၀ ဆိုလာ ၃၉ လုံး၊ ဘုန်းတော်ကြီးကျောင်းအတွက် ၁၉၀ ဝပ် တစ်လုံး၊ ကျေးရွာမူလတန်းကျောင်းအတွက် ၁၉၀ ဝပ် တစ်လုံး၊ လမ်းမီးတိုင် ၉ တိုင်တို့အား တပ်ဆင် ဆောင်ရွက်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တစ်အိမ်သုံး ဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင် ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ် ၅၀၀၀၀ နှင့်ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြသူ့အချိုးကျ အရစ်ကျစနစ်ဖြင့်ကြိမ် ခွဲ၍ ထည့်ဝင်ရမည် ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်း ရန်ပုံငွေမှ ကျခံပေးမည် ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ယင်းကျေးရွာများရှိ အများပြည်သူပိုင် အဆောက်အများ ဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်း ရန်ပုံငွေမှ အခမဲ့ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းထံမှ သိရသည်။

Journal Download

Photo of three cats