.
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် ၃၁ ဦးသည် ရန်ကုန်တိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း အဖြစ် တစ်လကြာ သွားရောက် ကူညီမည် ဖြစ်ကြောင်း သိရသည်။
.
“ ဟိုမှာ တစ်လ ကူညီရမှာပါ၊ လှိုင်ဆေးရုံက တဆင့် ဖြန့်ခွဲမယ်လို့ သိရပါတယ်။ ရောက်ရင် Swab ယူပြီး Negative ဖြစ်တဲ့သူမှ ဆက်လုပ်ခွင့် ရမှာပါ။ အားလုံးက ကိုယ့်ဆန္ဒအလျောက် စာရင်းပေးပြီး အားဖြည့်ကူညီကြတာပါ။” ဟု ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်က ပြောသည်။
.
အဆိုပါ စေတနာ့ဝန်ထမ်း အဖြစ် သွားရောက်ကြမည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှာ ကျောက်မဲမြို့၊ သီပေါမြို့၊ နမ္မတူမြို့၊ တန့်ယန်းမြို့၊ နမ့်ဆန်မြို့၊ လောက်ကိုင်မြို့နှင့် လားရှိုးမြို့တို့မှ ဖြစ်ပြီး လားရှိုးမြို့မှ တဆင့် ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment