.
ရန်ကုန်မြို့တွင် COVID-19 ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများအား စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက် ကူညီမည့် ကျောက်မဲမြို့မှ ကြက်ခြေနီအဖွဲ့ဝင် ၁၀ ဦးအား ဒေသခံအလှူရှင်များက ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကျောက်မဲမြို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ “လှိုင်” ဆေးရုံ ( COVID-19 ကာကွယ် တားဆီးရေးစင်တာ) တွင် သွားရောက် ကူညီလုပ်ဆောင်မည် ဖြစ်ပြီး ၎င်းတို့အား ကျောက်မဲမြို့မှ ဒေသခံ စေတနာရှင် ၁၀ ဦးတို့က ငွေကျပ် ၂၆၀၀၀၀ ကို ထောက်ပံ့လှူဒါန်း ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့နယ်များရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနက် ၎င်းတို့၏ ဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် (ကျောက်မဲမြို့မှ ၁၀ ဦးအပါအဝင်) ရန်ကုန်မြို့သို့
သွားရောက် ဆောင်ရွက်ကြမည့်သူ စုစုပေါင်း ၃၇ ဦး ရှိပြီး လာမည့် ဒီဇင်ဘာလ ၅
ရက်တွင် စတင် ထွက်ခွာမည်
ဖြစ်ကြောင်း
ကျောက်မဲမြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဒုတပ်ခွဲမှူး ဒေါ်လွေးဥမ္မာလှိုင်ထံမှ သိရသည်။