ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၈ ရက်၊ နေ့လယ်
၁၁ နာရီမှ ဒီဇင်ဘာလ ၉ ရက်၊ နေ့လယ် ၁၁ နာရီအထိ ၂၄ နာရီအတွင်း စုစုပေါင်း လူ ၆၀၃ ဦးအား
RDT Test Kit ဖြင့် COVID-19 ရောဂါ ရှိ/မရှိ
စစ်ဆေးခဲ့ရာ အားလုံး၌ ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာန၏ ယနေ့ ဒီဇင်ဘာလ ၉ ရက်၊ ညနေ ထုတ်ပြန်ချက်အရ သိရသည်။
.
.ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၉ ရက်အထိ
COVID-19 ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၃၉၂ ဦး ရှိလာပြီဖြစ်ပြီး
ယင်းတို့အနက် ၃၀၈ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ လက်ရှိ ဆေးရုံတက်ရောက် ကုသနေသူ
၈၃ ဦးနှင့် သေဆုံးသူ တစ်ဦး ရှိကြောင်း သိရသည်။
.
မိဘ ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ
ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ
ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်းသတင်းပေးခြင်း၊ တတ်နိုင်သမျှ
မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို
အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် COVID-19
ကူးစက်ရောဂါကို ကာကွယ်နေထိုင်ကြရန် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။
.