ရှမ်းတောင်တွင် RDT Test Kit ဖြင့် စစ်ဆေးသူများအနက် COVID-19 လူနာ တစ်ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်တွင် RDT Test Kit ဖြင့် စစ်ဆေးသူများအနက် COVID-19 လူနာ တစ်ဦး တွေ့ရှိ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီမှ ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လယ် ၁၁ နာရီ အထိ ၂၄ နာရီအတွင်း RDT Test Kit ဖြင့် စစ်ဆေးမှုများအနက် တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၆ နာရီအချိန် ထုတ်ပြန် ကြေညာချက်အရ သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာသည် လွိုင်ကော်မြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်မှ အသက် ၃၅ နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသားဖြစ်ပြီး ကလော စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မိဘ ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်းသတင်းပေးခြင်း၊ တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်ကြစေရေးအတွက် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

.

ရှမ်းပြည်နယ် တစ်ခုလုံးတွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေပိုင်းအထိ COVID-19 ရောဂါ အတည်ပြုလူနာ ၆၄၇ ဦး တွေ့ရှိထားပြီး ယင်းအနက် ၃ ဦး သေဆုံး၍  ၃၉၁ ဦးမှာ ပြန်လည်သက်သာ၍ ဆေးရုံ ဆင်းခွင့် ရပြီ ဖြစ်ကာ ၂၅၃ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats